* ဒုဇ္ဇိဝိတမဇိတ ယေသန္တေန ဒဒမှသေ၊ ၀ိဇ္ဇမာနေသု ဘောဂေသု ဒိပံ နာကမှ အတ္တနော။
“ငါတို့ မကောင်းမှုဒုစရိုက်တွေ ပြုလုပ်ခဲ့တယ်၊ စည်းစိမ်ဥစ္စာနဲ့ အလှုခံပုဂ္ဂိုလ်ရှိပါလျှက် မပေးလှုခဲ့ကြဘူး၊ မိမိအတွက် ထောက်တည်ရာ အားထားရာ ကုသိုလ်ကောင်းမှုတွေ မပြုလုပ်ခဲ့ကြဘူး။”
* သဌိ ၀ဿသဟဿာနိ ပရိပုဏ္ဏာနိ သဗ္ဗသော၊ နိရယေ ပစ္စမာနာနံ ကဒါ အန္တော ဘ၀ိဿတိ။
“ငရဲရောက်တာ အနှစ် ၆ သောင်းရှိသွားပြီ၊ ခုပြန်ပြီးကျသွားပြန်ပြီ၊ ဘယ်တော့များဆုံးမယ်လို့တော့ မသိဘူး။”
* နတ္ထိအန္တော ကုတော အန္တော န အန္တော ပဋိဒိဿတိ၊ တဒါ ဟိ ပကတံ ပါတံ မမ တုယှဉ္စ မာရိသာ။
“ဆုံးတော့မှာ မဟုတ်တော့ပါဘူး မိတ်ဆွေတို့ရေ .. တို့ ဟိုတုန်းက မကောင်းတာတွေ လုပ်ခဲ့မိလို့ ဆုံးတော့မှာ မဟုတ်တော့ပါဘူး။”
* သောဟံနူန ဣေဿာ ဂန္တာ ယောနိံလဒ္ဓါန မာနုသိံ၊ ၀ဒညူ သီလ သမ္ပန္တော ကာဟာမိ ကုသလံ ဗဟုံ။
“ဒီတစ်ခါ လူ့ပြည်ရောက်ရင်တော့ အကုသိုလ်တွေ ဘာဆိုဘာကိုမှမလုပ်တော့၊ ကုသိုလ်ချည်းပဲ လုပ်တော့မယ်။”
(ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ကြီး ဟောကြားတော်မူသော ပဌာန်းတရားတော်ကြီးမှ ကောက်နှုတ်ချက်)
No comments:
Post a Comment