“ရတနာမြတ်သုံးပါးကို အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ပါ၏ အရှင်ဘုရား” “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” “ဓမ္မံ သရဏံ ဂစ္ဆာမိ” “သံဃံ သရဏံ ဂစ္ဆာမိ” အလှုတကာ့အလှုထဲတွင် တရားအလှုသည်သာ အမြတ်ဆုံးဖြစ်၏။
Showing posts with label ဓမ္မ. Show all posts
Showing posts with label ဓမ္မ. Show all posts
Thursday, May 16, 2013
တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊
သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။
တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။
The gift of Dhamma is no match with any other gifts, the taste of Dhamma is no match with any other taste, living with Dhamma in enjoyment is no match with any other living, and the victory over craving conquers all sufferings.
(ဓမ္မပဒ)
Thursday, October 11, 2012
အနတ္တလက္ခဏသုတ် ပါဠိတော် မြန်မာပြန် အင်္ဂလိပ်
- အနတ္တလက္ခဏသုတ် အမွှန်း -
(က) ဓမ္မစက္ကံ ပဝတ္တေတွာ၊ အာသဠှိယံ ဟိ ပုဏ္ဏမေ။ နဂရေ ဗာရာဏသိယံ၊ ဣသိပတနဝှယေ ဝနေ။
(ခ) ပါပေတွာဒိ ဖလံ နေသံ၊ အနုက္ကမေန ဒေသယိ။ ယံ တံ ပက္ခဿ ပဉ္စမျံ၊ ဝိမုတ္တတ္ထံ ဘဏာမ ဟေ။
(က) မြတ်စွာဘုရားသည် ဝါဆိုလပြည့်နေ့တွင် ဗာရဏသီပြည်၏အနီး ဣသိပတနခေါ် မိဂဒါဝုန်တော၌ ပဉ္စဝဂ္ဂီအမည်ရှိကုန်သော ကောဏ္ဍည၊ ဝပ္ပ၊ ဘဒ္ဒိယ၊ မဟာနာမ်၊ အဿဇိ ရဟန်းငါးဦးတို့အား ဓမ္မစကြာဒေသနာတော်ကို ဟောတော်မူ၍ –
(ခ) နေ့ရက်အစဉ် ထေရ်စဉ်ဝါလိုက် သောတာပတ္တိဖိုလ်သို့ ဆိုက်ရောက်စေတော် မူပြီး၍ ဝါဆိုလပြည့်ကျော်(၅)ရက်မြောက်သောနေ့၌ ထိုပဉ္စဝဂ္ဂီငါးဦးတို့၏ အရဟတ္တဖိုလ်အကျိုးငှာ အနတ္တလက္ခဏသုတ်ကို ဆက်၍ဟောတော်မူပြီ ထိုအနတ္တလက္ခဏသုတ်ကို အို- သူတော်ကောင်းတို့ အကျွန်ုပ်တို့သည် ရွတ်ဆိုပွားများကြပါကုန်စို့။
(A) On the full moon day of Waso, at Isipatana, Migadawon forest near Varanasi, Buddha taught the Dhammacakka Pavattana to five ascetics; Kondanna, Vappa, Boddiya, Mahanam and Assaji. ( five ascetics = the group of five were the monks who had previously followed the Bodhisatta while he was practicing austerities and who later heard the First Discourse and became the Buddha's first disciples.)
(B) In succession by one another after
attainment of Sotapatti Phala on consecutive days, (on the 5th of
waning Waso month) Buddha taught them the Anatta Lakkhana sutta for the
attainment of Arahatta Phala. O, Good persons, let's recite this
Anatta Lakkhana sutta now.
- အနတ္တလက္ခဏသုတ် နိဒါန်း -
Sunday, June 24, 2012
“တရား၏ ဂုဏ်အင်္ဂါ ၂-ရပ်”
ကိုယ်ကျိုးမကြည့်ဘဲ ဆောင်ရွက်
ပထမအင်္ဂါရပ်ကတော့ ကိုယ်ကျိုးကို မမျှော်မှန်းဘဲ သူများအကျိုးအတွက်ကို ဆောင်ရွက်မူ၊ ထမ်းဆောင်မူ ဖြစ်ပါတယ်။ တရားမှာ ရင့်ကျက်လာပြီဆိုရင် ငါဆိုတဲ့ အစွဲဟာ နည်းနည်းလာပြီး တစ်ကိုယ်ကောင်းကြံချင်တဲ့စိတ်တွေ ပျောက်ကွယ်လာပါတယ်။ အဲဒီအခါကျတော့ သူတစ်ပါးအကျိုးကို ဆောင်ရွက်ရာမှာ ကိုယ့်အကျိုးကို မျှော်ကိုးချက်တွေ မပါတော့ပါဘူး။
ကိုယ်ကျိုးကိုမျှော်ကိုးတဲ့ လူကတော့ အလားအလာတစ်ခုကို ရလို့ရငြား လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဘုရားရှိခိုးတာတောင်မှ တစ်ခုခုကိုလိုချင်လို့၊ တောင့်တလို့လဲ ဖြစ်တတ်ပါသေးတယ်။ လှူတယ်တန်းတယ်ဆိုရင် အနည်းဆုံး နာမည်လိုချင်လို့ ကျော်ကြားချင်လို့လဲ ဖြစ်ချင်ဖြစ်နိုင်ပါသေးတယ်။ လူတစ်ဦး တစ်ယောက်ကို၊ ဒါမှမဟုတ်ရင်လဲ အသင်းအဖွဲ့တစ်ခုကို စေတနာ့ဝန်ထမ်းအလုပ် ဆောင်ရွက်ပေးတာတွေဟာလဲ ကိုယ်ကျိုးအတွက် အလားအလာကို မျှော်ကိုးလို့လဲ ဖြစ်တတ်ပါတယ်။
`ငါ´ အစွဲက ပျောက်ကွယ်လာပြီိဆိုရင်တော့ ယောဂီဟာ တရားမှာ တည်မြဲလာပါတယ်။ တရားတည်မြဲလာတယ်ဆိုရင် ငါအစွဲက ပျောက်ကွယ်လာပါတယ်။ အဲဒီအခါကျတော့ သူများတွေအတွက် ဆောင်ရွက်ပေးတာတွေက ကူညီမစဖို့ရာ သက်သက်ပဲ ဖြစ်ပါတယ်။ ပိုပိုပြီး လူတွေများများဟာလည်း အများဆုံး အကျိုးခံစားနိုင်စေဖို့ဆိုတဲ့ မွန်မြတ်တဲ့ မေတ္တာ ကရုဏာ စေတနာတွေနဲ့ ဆောင်ရွက်ပေးလာပါတယ်။
ဒါဟာ ဒီပုဂ္ဂိုလ်ဟာ တရားမှာ တိုးတက်နေပြီဆိုတာကို ပြတာပါပဲ။ တရားအလုပ် လုပ်တာတောင်မှ `ငါ့အတွက် ဘာအကျိုးရှိမှာလဲ၊ ဘယ်သူတွေ ဘာဖြစ်ဖြစ် ငါဂရုမစိုက်ပါဘူး။ ငါလွတ်မြောက်ရင်ပြီးတာပဲ´လို့ စိတ်ထားတွေရှိနေရင်တော့ ဒီပုဂ္ဂိုလ်ဟာ မလွတ်မြောက်နိုင်သေးပါဘူး။ ဒီလိုစိတ်ထားမျိုးနဲ့ ငါအစွဲကို ပိုပြီးပွားများစေပါတယ်။
ကိုယ့်အကျိုးကို၊ အလားအလာကို လုံးဝမမျှော်ကိုးဘဲ သူများတွေရဲ့ ကောင်းကျိုးကို ဘယ်လိုလုပ်ဆောင်ရပါ့မလဲလို့ စင်ကြယ်တဲ့ မေတ္တာ ကရုဏာ စေတနာနဲ့ ဆောင်ရွက်ခြင်းဟာ တရားရဲ့ တိုးတက်မူ ရှိမရှိ အတိုင်းအတာတစ်ခု ဖြစ်ပါတယ်။
(ယောဂီများအတွက် ဆရာကြီးဦးဂိုအင်ကာ၏ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောချက်ကို ကြည်ကြည်ဝိန် မြန်မာဘာသာပြန် စာအုပ်မှ ပြန်လည် ဖော်ပြထားသည်။)
Subscribe to:
Posts (Atom)

