Showing posts with label ဓမ္မပဒ. Show all posts
Showing posts with label ဓမ္မပဒ. Show all posts

Thursday, May 16, 2013

တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊




သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။

The gift of Dhamma is no match with any other gifts, the taste of Dhamma is no match with any other taste, living with Dhamma in enjoyment is no match with any other living, and the victory over craving conquers all sufferings.

(ဓမ္မပဒ)

Sunday, September 23, 2012

ဓမ္မဋ္ဌ၀ဂ္ဂ - ဓမ္မပဒ



၁၉။ ဓမ္မဋ္ဌ၀ဂ္ဂ 

၂၅၆။ န တေန ဟောတိ ဓမ္မဋ္ဌော၊ ယေနတ္ထံ သာဟသာ နယေ။
ယော စ အတ္ထံ အနတ္ထဉ္စ၊ ဥဘော နိစ္ဆေယျ ပဏ္ဍိတော။

၂၅၇။ အသာဟသေန ဓမ္မေန၊ သမေန နယတီ ပရေ။
ဓမ္မဿ ဂုတ္တော မေဓာဝီ၊ ဓမ္မဋ္ဌောတိ ပ၀ုစ္စတိ။

၂၅၆။ ဆုံးဖြတ်အပ်သော အမှုသဘောကို နိုင်ထက်စီးနင်း ဆုံးဖြတ်ခြင်းကြောင့် တရား၌တည်သူ တရားသူကြီးမဟုတ်၊ ပညာရှိသည် ဟုတ်မှန်သောအကြောင်း မဟုတ်မမှန်သောအကြောင်း နှစ်ပါး စုံကို စုံစမ်းမေးမြန်း၍ ဆုံးဖြတ်ရာ၏။

၂၅၇။ မချွတ်မယွင်း တရားနှင့်အညီ သူတစ်ပါးတို့ကို နိုင်ခြင်းရှုံးခြင်းသို့ ရောက်စေသော ပညာရှိကို တရားစောင့်သော တရား၌တည်သူ တရားသူကြီးဟု ဆိုအပ်၏။

256. One who forcefully decides and settles matters in his own way is not righteous; a wise person considers what is right and what is wrong.

257. One who judges others justly and righteously with Dhamma, is called "One firm in Dhamma".

မလ၀ဂ္ဂ - ဓမ္မပဒ



၁၈။ မလ၀ဂ္ဂ

၂၃၅။ ပဏ္ဍုပလာသောဝ ဒါနိသိ၊ ယမပုရိသာပိ စ တေ ဥပဋ္ဌိတာ။
ဥယျောဂမုခေ စ တိဋ္ဌသိ၊ ပါထေယျမ္ပိ စ တေ န ၀ိဇ္ဇတိ။

၂၃၆။ သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ၀ါယမ ပဏ္ဍိတော ဘ၀။
နိဒ္ဓန္တမလော အနင်္ဂဏော၊ ဒိဗ္ဗံ အရိယဘူမိံ ဥပေဟိသိ။

၂၃၇။ ဥပနီတ၀ယော စ ဒါနိသိ၊ သမ္ပယာတောသိ ယမဿ သန္တိကံ။
ဝါသော တေ နတ္ထိ အန္တရာ၊ ပါထေယျမ္ပိ စ တေ န ၀ိဇ္ဇတိ။

၂၃၈။ သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ၀ါယမ ပဏ္ဍိတော ဘ၀။
နိဒ္ဓန္တမလော အနင်္ဂဏော၊ န ပုနံ ဇာတိဇရံ ဥပေဟိသိ။

၂၃၅။ ဥပါသကာ သင်သည် ယခုအခါဖျော့တော့သော ဖက်ရွက်ရော်ကဲ့သို့ဖြစ်ခဲ့ပြီ၊ သေမင်းတမန်တို့သည်လည်း သင်၏ အနီး၌ တည်ကုန်ပြီ၊ ဆုတ်ယုတ်ပျက်စီးခြင်း၏အစ ဘ၀အဆုံး၌လည်း တည်ခဲ့ပြီ၊ သင့်အား ဘ၀တစ်ပါးသို့သွားရန် ကောင်းမှုရိက္ခာလည်း မရှိ။

၂၃၆။ ထိုသင်သည် မိမိ၏ မှီရာကျွန်းနှင့်တူသော ကောင်းမှုကိုပြုလော့၊ လျင်စွာ အားထုတ်၍ ပညာရှိသူဖြစ်လေလော့၊ အညစ်အကြေးကိုပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ အရိယာတို့နေရာ သုဒ္ဓါဝါသဘုံသို့ ကပ်ရောက်ရလတ္တံ့။

၂၃၇။ ဥပါသကာ သင်သည်ယခုအခါအရွယ်လွန်ချေပြီ၊ သေမင်း၏ အထံသို့ သွားချိန်ရောက်ခဲ့ပြီ၊ သင့်အား ခရီးအကြား၌ ရပ်နားနေရန် အခွင့်မရှိ၊ သင့်အား ဘ၀တစ်ပါးသို့သွားရန် ကောင်းမှုရိက္ခာလည်း မရှိ။

၂၃၈။ ဥပါသကာ သင်သည်မိမိ၏ မှီရာကျွန်းနှင့်တူသော ကောင်းမှုကိုပြုလော၊့ လျင်စွာအားထုတ်၍ ပညာရှိသူ ဖြစ်လေ လော့၊ အညစ်အကြေးကိုပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ တစ်ဖန် ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မရောက်ရတော့ လတ္တံ့။

ကောဓ၀ဂ္ဂ - ဓမ္မပဒ



၁၇။ ကောဓ၀ဂ္ဂ

၂၂၁။ ကောဓံ ဇဟေ ၀ိပ္ပဇဟေယျ မာနံ၊ သံယောဇနံ သဗ္ဗမတိက္ကမေယျ။
တံ နာမရူပသ္မိမသဇ္ဇမာနံ၊ အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

၂၂၁။ အမျက်ဒေါသကို စွန့်ရာ၏၊ မာနကို ပယ်ရာ၏၊ သံယောဇဉ်မှန်သမျှကို ကျော်လွန်ရာ၏၊ နာမ်ရုပ်၌ မငြိတွယ် မကြောင့်ကြသူထံသို့ ဆင်းရဲဒုက္ခတို့သည် မကျရောက်ကုန်။

221. Put away anger, abandon pride and overcome bondage. Whoever clings not to the constituents of existence (Nama-rupa, mind and matter) and to nothing whatsoever, sufferings never befall him.

ပိယ၀ဂ္ဂ - ဓမ္မပဒ




၁၆။ ပိယ၀ဂ္ဂ

၂၀၉။ အယောဂေ ယုဉ္ဇမတ္တာနံ၊ ယောဂသ္မိဉ္စ အယောဇယံ။
အတ္ထံ ဟိတွာ ပိယဂ္ဂါဟီ၊ ပိဟေတတ္တာနုယောဂိနံ။

၂၁၀။ မာ ပိယေဟိ သမာဂဉ္ဆိ၊အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။

၂၁၁။ တသ္မာ ပိယံ န ကယိရာထ၊ ပိယာပါယော ဟိ ပါပကော။
ဂန္ထာ တေသံ န ၀ိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပ္ပိယံ။

၂၀၉။ မိမိကိုယ်ကို အားမထုတ်သင့်ရာ၌ အားထုတ်လျက် အားထုတ်သင့်ရာ၌ အားမထုတ်ဘဲ အကျိုးစီးပွားကို စွန့်လွှတ်၍ ချစ်ဖွယ်အာရုံ ကာမဂုဏ်ကို စွဲလမ်းသူသည် ကိုယ်တိုင်အားထုတ် သူတို့၏ အကျိုးစီးပွားကို ငါရမူကား ကောင်းလေစွဟု လိုလားတောင့်တ၏။

၂၁၀။ ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ခါတစ်ရံမျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။

၂၁၁။ ထို့ကြောင့် လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလမ်းခြင်းကို မပြုရာ၊ ချစ်ခင် စွဲလမ်းဖွယ်ရာတို့နှင့် ကွေကွင်းရခြင်းသည် မကောင်းသည်သာတည်း၊ ချစ်ခြင်းမုန်းခြင်း မရှိသော သူတို့အား အနှောင်အဖွဲ့ ဂန္ထတို့ မရှိကြကုန်။

209. One who does what should not be done and fails to make efforts on virtuous deeds, who forgets the true aim of life and sinks into sensual desires – will one day envy the person who makes efforts in high contemplation.

210. Do not be in together with loved ones, also not get acquainted with unpleasant; not to see loved ones is pain, so also it is pain to see unpleasant.

211. Therefore do not make endearment, for separation from the dear is painful. Those who hold nothing dear and hate nothing has no fetters.

သုခ၀ဂ္ဂ - ဓမ္မပဒ



၁၅။ သုခ၀ဂ္ဂ

၁၉၇။ သုသုခံ ၀တ ဇီဝါမ၊ ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုေဿသု၊ ၀ိဟရာမ အဝေရိနော။

၁၉၈။ သုသုခံ ၀တ ဇီဝါမ၊ အာတုရေသု အနာတုရာ။
အာတုရေသု မနုေဿသု၊ ၀ိဟရာမ အနာတုရာ။

၁၉၉။ သုသုခံ ၀တ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ။
ဥဿုကေသု မနုေဿသု၊ ၀ိဟရာမ အနုဿုကာ။

၁၉၇။ ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

၁၉၈။ ကိလေသာအနှိပ်စက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ကိလေသာ အနှိပ်အစက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်အစက်မခံရကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

၁၉၉။ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော သူတို့အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့အသက်မွေးနိုင်ကြကုန်၏၊ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော လူတို့အလယ်၌ ကာမ ဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

ဗုဒ္ဓ၀ဂ္ဂ - ဓမ္မပဒ



၁၄။ ဗုဒ္ဓ၀ဂ္ဂ

၁၇၉။ ယဿ ဇိတံ နာဝဇီယတိ၊ ဇိတံ ယဿ နော ယာတိ ကောစိ လောကေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။

၁၈၀။ ယဿ ဇာလိနီ ၀ိသတ္တိကာ၊ တဏှာ နတ္ထိ ကုဟိဉ္စိ နေတဝေ။
တံ ဗုဒ္ဓမနန္တဂေါစရံ၊ အပဒံ ကေန ပဒေန နေဿထ။

၁၇၉။ အကြင်မြတ်စွာဘုရားသည် အောင်အပ်ပြီးသော ကိလေသာကို တစ်ဖန်အောင်ဖွယ်မလို၊ လောက၌ အကြင် မြတ်စွာဘုရား၏ အောင်ပြီးသော ကိလေသာနောက်သို့ ကိလေသာတစ်စုံတစ်ခုမျှ အစဉ်မလိုက်တော့ချေ၊ အပိုင်း အခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ်ရှိတော်မူသော ရာဂစသော ခရီးလမ်းကြောင်းမရှိသော ထိုမြတ်စွာ ဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင် နိုင်ကုန်အံ့နည်း။

၁၈၀။ အကြင်မြတ်စွာဘုရားအား တစ်စုံတစ်ခုသော လောကသို့ ခေါ်ဆောင်ရန် ပိုက်ကွန်ပမာ ကပ်ငြိတတ်သော တဏှာသည်မရှိ၊ အပိုင်းအခြားမရှိ ကျက်စားနိုင်သည့် သဗ္ဗညုတဉာဏ် ရှိတော်မူသော ရာဂစသော ခရီးလမ်း ကြောင်းမရှိသော ထိုမြတ်စွာဘုရားကို အဘယ်ခရီးလမ်းကြောင်းဖြင့် သင်တို့ ခေါ်ဆောင်နိုင်ကုန်အံ့နည်း။

Thursday, September 20, 2012

လောက၀ဂ္ဂ - ဓမ္မပဒ



၁၃။ လောက၀ဂ္ဂ

၁၆၇။ ဟီနံ ဓမ္မံ န သေဝေယျ၊ ပမာဒေန န သံဝသေ။
မိစ္ဆာဒိဋ္ဌိံ န သေဝေယျ၊ န သိယာ လောက၀ဍ္ဎုနော။

၁၆၇။ ကာမဂုဏ် အယုတ်တရားကို မမှီဝဲရာ၊ မေ့မေ့ လျော့လျော့ မနေရာ၊ မှားသောအယူကို မယူရာ၊ လောက ကြီးပွားရေးအတွက် သက်သက်မဖြစ်ရာ။

167. One should not live in lowly quality life (sensualities), one should not live on heedlessness, one should not act on wrong views, and one should not sink into the world.

အတ္တ၀ဂ္ဂ - ဓမ္မပဒ



၁၂။ အတ္တ၀ဂ္ဂ

၁၅၇။ အတၱာနေဥၥ ပိယံ ဇညာ၊ ရေကၡယ် နံ သုရကၡိတံ။
တိဏၰံ အညတရံ ယာမံ၊ ပဋိဇေဂၢယ် ပဏ္ဍိတော။

၁၅၇။ မိမိကိုယ်ကို ချစ်အပ်၏ဟုသိပါမူ ထိုမိမိကိုယ်ကို ကောင်းစွာစောင့်ရှောက်ခြင်းဖြင့် စောင့်ရှောက်ရာ၏၊ ပညာ ရှိသူသည် အရွယ်သုံးပါးတို့တွင် တစ်ပါးပါးသောအရွယ်၌ လုံ့လထုတ်ကာ သုတ်သင်ရာ၏။

157. One who knows self is dear will guard oneself, with diligence. The wise one would look after himself during one of three watches of his life time (youth, middle age and old age).

ဇရာဝဂ္ဂ - ဓမ္မပဒ



၁၁။ ဇရာဝဂ္ဂ

၁၄၆။ ကော နု ဟာသော ကိမာနန္ဒော၊ နိစ္စံ ပဇ္ဇလိတေ သတိ။
အန္ဓကာရေန သြနဒ္ဓါ၊ ပဒီပံ န ဂဝေသထ။

၁၄၆။ လူအပေါင်း၌ အမြဲကိလေသာမီး တောက်လောင်နေပါလျှက် အဘယ့်ကြောင့် ပျော်မြူး ရယ်ရွှင်ဘိသနည်း၊ အဘယ့်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်ဘိသနည်း၊ အ၀ိဇ္ဇာမိုက်မှောင်ကြီးဖြင့် ပိတ်ဆီး မြှေးယှက်အပ်ကုန် သည်ဖြစ်ပါလျက် သင်တို့သည် အဘယ့်ကြောင့် ပညာဆီမီးကို မရှာဘဲ နေကြကုန်သနည်း။

146. How is there laughter, how is there joy, while the fire of passion and desire is burning on all people? When you are in deep darkness of craving and ignorance, will you not ask for a lamp of wisdom?

ဒဏ္ဍ၀ဂ္ဂ - ဓမ္မပဒ



၁၀။ ဒဏ္ဍ၀ဂ္ဂ

၁၂၉။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။

၁၂၉။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် သေခြင်းမှ ကြောက်ကုန်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲရာ။

129. All beings are afraid of punishment, so also all beings are afraid of death. Considering others as yourself, one should neither kill nor ill treat others.

ပါပ၀ဂ္ဂ - ဓမ္မပဒ


၉။ ပါပ၀ဂ္ဂ 

၁၁၆။ အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။
ဒန္ဓံ ဟိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတီ မနော။

၁၁၆။ မကောင်းမှု၌စိတ်သည် မွေ့လျော်တတ်၍ ကောင်းမှုပြုသောအခါ နုံ့နှေးတတ်ရကား မကောင်းမှုမှ စိတ်ကိုတားမြစ်၍ ကုသိုလ်ကောင်းမှုတို့ကို လျင်မြန်ဆောစွာ ပြုလုပ်ရာ၏။

116. Quicken to do good, keep the mind away from evil. The mind of one who is slow in doing well finds pleasure in evil.

Wednesday, September 19, 2012

သဟဿဝဂ္ဂ - ဓမ္မပဒ



၈။ သဟဿဝဂ္ဂ


၁၀၀။ သဟဿမပိ စေ ၀ါစာ၊ အနတ္ထပဒသံဟိတာ။
ဧကံ အတ္ထပဒံ သေယျော၊ ယံ သုတွာ ဥပသမ္မတိ။

၁၀၀။ တောဖွဲ့တောင်ဖွဲ့ အကျိုးမဲ့ပုဒ်နှင့်သာဆိုင်သော စကားသည် အခွန်းတစ်ထောင်ရှိစေကာမူ မမြတ်၊ ကြားနာရသဖြင့် ရာဂစသည် ငြိမ်းအေးကြောင်းဖြစ်၍ အကျိုးရှိသော တကြောင်း တစ်ပုဒ် တဂါထာသည်သာ ပိုလွန်၍ မြတ်၏။

100. Though a statement composed of a thousand words without sense, one word of sense is better, which one becomes pacified.

အရဟန္တ၀ဂ္ဂ - ဓမ္မပဒ




၇။ အရဟန္တ၀ဂ္ဂ 

၉၀။ ဂတဒ္ဓိနော ၀ိသောကဿ၊ ၀ိပ္ပမုတ္တဿ သဗ္ဗဓိ။
သဗ္ဗဂန္ထပ္ပဟီနဿ၊ ပရိဠာဟော န ၀ိဇ္ဇတိ။

၉၀။ စိုးရိမ်ကင်းသော အလုံးစုံသော (ခန္ဓာစသည့်)တရားတို့မှ လွတ်မြောက်သော အလုံးစုံ အထုံးအဖွဲ့ကို ပယ်ပြီးသော သံသရာ ခရီးသွားပြီးသော (ရဟန္တာ) ပုဂ္ဂိုလ်အား ပူပန်မှု မရှိတော့ချေ။

90. For the one who has completed the journey of rebirths, left sorrow behind, is free in all circumstances, and liberated from all bondage, has no more worries of life.

ပဏ္ဍိတ၀ဂ္ဂ - ဓမ္မပဒ



၆။ ပဏ္ဍိတ၀ဂ္ဂ 

၇၆။ နိဓီနံဝ ပ၀တ္တာရံ၊ ယံ ပေဿ ၀ဇ္ဇဒဿိနံ။
နိဂ္ဂယှဝါဒိံ မေဓာဝိံ၊ တာဒိသံ ပဏ္ဍိတံ ဘဇေ။
တာဒိသံ ဘဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။

၇၆။ အပြစ်ဖော်ပြ နှိမ်ချဆုံးမလေ့ရှိသော ထိုသို့သဘောရှိသော ပညာရှိကို မြှုပ်ထားသောရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ်ရှုကြည့်၍ ဆည်းကပ်ရာ၏၊ ထိုသို့ သဘောရှိသော ပညာရှိကို ဆည်းကပ် သောသူအားမြတ်၏၊ မယုတ်ညံ့ပေ။

76. Whoever sees one who detects faults as a revealer of hidden treasures should follow such a wise one who is blameworthy. Follow this person; good, not evil, happens to one who associates with such a person.

ဗာလ၀ဂ္ဂ - ဓမ္မပဒ




၅။ ဗာလ၀ဂ္ဂ

၆၀။ ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အ၀ိဇာနတံ။

၆၀။ အိပ်မပျော် နိုးနေသောသူအား ညဥ့်တာရှည်လျား၏၊ ခရီးပန်းသောသူအား ယူဇနာခရီးသည် ရှည်လျား၏။ သူတော်ကောင်းတရားကို မသိသော လူမိုက်တို့အား သံသရာသည် ရှည်လျား၏။

60. Long is the night for one awake, long is a league to one tired, and long is Samsara of rebirths and deaths to the foolish who do not know the true Dhamma.

ပုပ္ဖ၀ဂ္ဂ - ဓမ္မပဒ



၎။ ပုပ္ဖ၀ဂ္ဂ 

၄၄။ ကော ဣမံ ပထ၀ိံ ၀ိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေ၀ကံ။
ကော ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

၄၅။ သေခေါ ပထ၀ိံ ၀ိစေဿတိ၊ ယမလောကဉ္စ ဣမံ သဒေ၀ကံ။
သေခေါ ဓမ္မပဒံ သုဒေသိတံ၊ ကုသလော ပုပ္ဖမိဝ ပစေဿတိ။

၄၄။ ဤအတ္တဘောတည်းဟူသော မြေကြီးကို လည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကို လည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကို လည်းကောင်း အဘယ်သူသည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်အံ့နည်း၊ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကိုရွေးချယ် စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သော တရားအစုကို အဘယ်သူသည် ရွေးချယ်စိစစ်နိုင်အံ့နည်း။

၄၅။ ဤအတ္တဘောတည်းဟူသော မြေကြီးကို လည်းကောင်း၊ (အပါယ်လေးဝ) ယမမင်းလောကကို လည်းကောင်း၊ နတ်လောကနှင့်တကွ ဤလူ့လောကကို လည်းကောင်း သေက္ခပုဂ္ဂိုလ်သည် ဉာဏ်ဖြင့် ရွေးချယ်စိစစ်နိုင်လတ္တံ့၊ လိမ္မာကျွမ်းကျင်သော ပန်းသည်သည် ပန်းကို ရွေးချယ်စိစစ်သကဲ့သို့ ကောင်းစွာဟောအပ်သော တရားအစုကို သေက္ခပုဂ္ဂိုလ်သည် ရွေးချယ်စိစစ်နိုင်လတံ္တ့။

44. Who will conquer this world, and the world of the gods, and the world of Yama (hell, the four apayas)? Who will find the clear path of perfection, even as an expert florist who picks flowers finds the most beautiful flower?

စိတ္တ၀ဂ္ဂ - ဓမ္မပဒ



၃။ စိတ္တ၀ဂ္ဂ 


၃၃။ ဖန္ဒနံ စပလံ စိတ္တံ၊ ဒူရက္ခံ ဒုန္နိဝါရယံ။
ဥဇုံ ကရောတိ မေဓာဝီ၊ ဥသုကာရောဝ တေဇနံ။

၃၄။ ၀ါရိဇောဝ ထလေ ခိတ္တော၊ သြကမောကတဥဗ္ဘတော။
ပရိဖန္ဒတိဒံ စိတ္တံ၊ မာရဓေယျံ ပဟာတဝေ။

၃၃။ လေးသမားသည် မြားကို ဖြောင့်အောင်ပြုသကဲ့သို့ ပညာရှိသည် (အာရုံတို့၌)တုန်လှုပ်၍ လျှပ်ပေါ်လော် လည်ခြင်း သဘောရှိသော စောင့်ထိန်းရန် တားမြစ်ရန် ခက်ခဲသောစိတ်ကို ဖြောင့်အောင်ပြု၏။

၃၄။ ရေတည်းဟူသော မှီရာတည်ရာမှ ထုတ်ဆောင်၍ ကုန်း၌ပစ်ချထားအပ်သောငါးသည် တဖျပ်ဖျပ် တုန်လှုပ်သကဲ့သို့ ကိလေသာမာရ် ကိုယ်တွင်းရန်ကိုပယ်ရန် ကာမနယ်ပယ်မှ ထုတ်ဆောင်၍ ထားအပ်သော ဤစိတ်သည် တဖျပ်ဖျပ် တုန်လှုပ်၏။

33. The mind is restless, unsteady, hard to guard, hard to control. The wise man makes it straight, like a Fletcher straightens his arrows.

34. Like a fish quivers when taken out from his watery home and thrown on land, our mind struggles to get free from the power of Mara's sway (kilesas, moral defilements).

အပ္ပမာဒ၀ဂ္ဂ - ဓမ္မပဒ


၂။ အပ္ပမာဒ၀ဂ္ဂ 

၂၁။ အပ္ပမာဒေါ အမတပဒံ၊ ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊ ယေ ပမတ္တာ ယထာ မတာ။

၂၂။ ဧ၀ံ ၀ိသေသတော ဉတွာ၊ အပ္ပမာဒမှိ ပဏ္ဍိတာ။
အပ္ပမာဒေ ပမောဒန္တိ၊ အရိယာနံ ဂေါစရေ ရတာ။

၂၃။ တေ ဈာယိနော သာတတိကာ၊ နိစ္စံ ဒဠှပရက္ကမာ။
ဖုသန္တိ ဓီရာ နိဗ္ဗာနံ၊ ယောဂက္ခေမံ အနုတ္တရံ။

၂၁။ မမေ့မလျော့ခြင်းသည် နိဗ္ဗာန်၏အကြောင်းတည်း၊ မေ့လျော့ခြင်းသည် သေခြင်း၏အကြောင်းတည်း၊ မမေ့မလျော့သောသူတို့သည် သေသည်မမည်ကုန်၊ မေ့လျော့သောသူတို့သည် သေသည် မည်ကုန်၏။

၂၂။ မမေ့လျော့သော ပညာရှိတို့သည် ဤသို့ ထူးခြားကြောင်းကိုသိ၍ မမေ့လျော့သော သတိတရား၌ ရွှင်လန်းဝမ်း မြောက်ကုန်လျက် အရိယာတို့၏ ကျက်စားရာ လောကုတ္တရာတရား ကိုးပါး၌ မွေ့လျော်ကြကုန်၏။

၂၃။ ထိုပညာရှိတို့သည် (သမထ ၀ိပဿနာ ဈာန်နှစ်ပါးဖြင့် ကိလေသာကို) ရှို့မြှိုက်ကုန်ပြီးလျှင် အမြဲမပြတ် လုံ့လ ပြုကုန်၍ မတွန့်မဆုတ် လုံ့လထုတ်ကုန်လျက် ယောဂလေးပါး၏ကုန်ရာ အတုမရှိမြတ်သော နိဗ္ဗာန်သို့ ရောက်ကြ ကုန်၏။

21. Awareness is the path to the deathless (Nibbana), unawareness, the path of death. Those who are aware do not die; those who are unaware are as if dead already.

22. Those who, with a clean mind have seen this truth, those who are wise and ever-watchful, they feel the joy of watchfulness, the joy of the path of the Noble Ones (Ariyas).

23. And the wise who devote themselves to meditation and in deep contemplation with ever-living power advance on the path, they in the end reach Nibbana, incomparable release from bonds.

ယမက၀ဂ္ဂ - ဓမ္မပဒ



၁။ ယမက၀ဂ္ဂ

၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။
မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။
တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။

၁။ နာမ်ခန္ဓာ(လေးပါး)တို့သည် စိတ်လျှင် ရှေ့သွားရှိကုန်၏၊ စိတ်လျှင် အကြီးအမှူးရှိကုန်၏၊ စိတ်ဖြင့်ပြီးကုန်၏၊ ပြစ်မှားလိုသောစိတ်ဖြင့် အကယ်၍ ပြောဆိုသော်လည်းကောင်း၊ ပြုလုပ်သော်လည်းကောင်း၊ ကြံစည်သော်လည်းကောင်း ထိုပြောဆို ပြုလုပ် ကြံစည်မှုကြောင့် လှည်းဘီးသည် ၀န်ဆောင်နွား၏ခြေရာသို့ အစဉ်လိုက်ဘိသကဲ့သို့ ထိုသူသို့ ဆင်းရဲသည် အစဉ်လိုက်လေ၏။

1. Mental perception is the lead in mind that causes everything to happen. It is founded on our thoughts. Our life is the creation of our mind which is supreme. If one speaks or acts or plans with wicked mind, suffering and pain will follow as the wheel of a cart that follows the hoof of the ox.