“ရတနာမြတ်သုံးပါးကို အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ပါ၏ အရှင်ဘုရား” “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” “ဓမ္မံ သရဏံ ဂစ္ဆာမိ” “သံဃံ သရဏံ ဂစ္ဆာမိ” အလှုတကာ့အလှုထဲတွင် တရားအလှုသည်သာ အမြတ်ဆုံးဖြစ်၏။
Showing posts with label အဆုံးအမများ. Show all posts
Showing posts with label အဆုံးအမများ. Show all posts
Wednesday, May 15, 2013
"စင်ကြယ်မှုအဆင့်ဆင့် " - ရွှေဥမင်ဆရာတော်ဘုရားကြီး
Labels:
အဆုံးအမများ,
ဆောင်းပါး,
ရွှေဥမင်ဆရာတော်ဘုရားကြီး
Thursday, September 27, 2012
အမျက်ထွက်လေ့ရှိသူသည် ....
Thursday, September 20, 2012
မိုက်မကြည့်နဲ့ လိမ္မာပါ
အရှုံးဘယ်မှာရှိချိမ့်နည်း
“ဒု ၊ သ ၊ န ၊ သော” အဓိပ္ပါယ်
* ဒုဇ္ဇိဝိတမဇိတ ယေသန္တေန ဒဒမှသေ၊ ၀ိဇ္ဇမာနေသု ဘောဂေသု ဒိပံ နာကမှ အတ္တနော။
“ငါတို့ မကောင်းမှုဒုစရိုက်တွေ ပြုလုပ်ခဲ့တယ်၊ စည်းစိမ်ဥစ္စာနဲ့ အလှုခံပုဂ္ဂိုလ်ရှိပါလျှက် မပေးလှုခဲ့ကြဘူး၊ မိမိအတွက် ထောက်တည်ရာ အားထားရာ ကုသိုလ်ကောင်းမှုတွေ မပြုလုပ်ခဲ့ကြဘူး။”
* သဌိ ၀ဿသဟဿာနိ ပရိပုဏ္ဏာနိ သဗ္ဗသော၊ နိရယေ ပစ္စမာနာနံ ကဒါ အန္တော ဘ၀ိဿတိ။
“ငရဲရောက်တာ အနှစ် ၆ သောင်းရှိသွားပြီ၊ ခုပြန်ပြီးကျသွားပြန်ပြီ၊ ဘယ်တော့များဆုံးမယ်လို့တော့ မသိဘူး။”
* နတ္ထိအန္တော ကုတော အန္တော န အန္တော ပဋိဒိဿတိ၊ တဒါ ဟိ ပကတံ ပါတံ မမ တုယှဉ္စ မာရိသာ။
“ဆုံးတော့မှာ မဟုတ်တော့ပါဘူး မိတ်ဆွေတို့ရေ .. တို့ ဟိုတုန်းက မကောင်းတာတွေ လုပ်ခဲ့မိလို့ ဆုံးတော့မှာ မဟုတ်တော့ပါဘူး။”
* သောဟံနူန ဣေဿာ ဂန္တာ ယောနိံလဒ္ဓါန မာနုသိံ၊ ၀ဒညူ သီလ သမ္ပန္တော ကာဟာမိ ကုသလံ ဗဟုံ။
“ဒီတစ်ခါ လူ့ပြည်ရောက်ရင်တော့ အကုသိုလ်တွေ ဘာဆိုဘာကိုမှမလုပ်တော့၊ ကုသိုလ်ချည်းပဲ လုပ်တော့မယ်။”
(ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ကြီး ဟောကြားတော်မူသော ပဌာန်းတရားတော်ကြီးမှ ကောက်နှုတ်ချက်)
Monday, June 25, 2012
''အလုံးစုံသော အရပ်မျက်နှာတို့ကို စိတ်ဖြင့် အစဉ် လှည့်လည် ရှာဖွေ (သွားလာ) သော်လည်း တစ်စုံတစ်ခုသော အရပ်၌ မိမိထက် ပို၍ ချစ်အပ်သော သူကို မရနိုင်၊ ဤအတူပင် များစွာကုန်သော အခြားသူတို့သည်လည်း မိမိကိုယ်ကိုသာ ချစ်အပ်၏၊
ထို့ကြောင့် အကျိုးစီးပွားကို အလိုရှိသောသူသည် သူတစ်ပါးကို မညှဉ်းဆဲရာ''
(၈ - မလ္လိကာသုတ်၊ ပဌမ၀ဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။)
Sunday, June 24, 2012
“နင်သေချင်သေးလို့လား”
ရခဲလှတဲ့ ဒုလ္လဘတရား ငါးပါးမှာ ဘ၀တိုင်း ဘ၀တိုင်းမှာ သဒ္ဓါတရားနဲ့ ပြည့်စုံမှု ရှိချင်မှ ရှိပါလိမ့်မယ်။ ဒါကြောင့် ယခု သဒ္ဓါတရားနဲ့ ပြည့်စုံနေတုန်း မဂ်ဥာဏ် မြန်မြန်ရအောင် လုပ်ပါ။ သေမှာကို ကြောက်ရင် မဂ်ဥာဏ်ကိုရအောင်ယူ၊ မဂ်ဥာဏ်ကို ရပြီဆိုရင် သေမင်းကို မမြင်နိုင်တော့ဘူး။ ဒါကြောင့် ၀ိပဿနာအလုပ်ကို မလုပ်ဘဲနေရင် “နင်သေချင်သေးလို့လား” လို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ မသေချင်ရင်တော့ ခန္ဓာငါးပါးအပေါ်မှာ ပေါ်တိုင်း၊ ပေါ်တိုင်း ဖြစ်ဒုက္ခ၊ ပျက်ဒုက္ခကိုသာ ရှုကြပေတော့။
(မိုးကုတ်ဆရာတော်)
နုနယ်ရုပ်ဆင်း၊ လှပခြင်းကား၊ အိုမင်းနောက်ဆုံးရှိချေ၏။
ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ ယိုယွင်းနောက်ဆုံးရှိချေ၏။
ဝိညာဏ်တင်းလင်း၊ သက်ရှင်ခြင်းကား၊ သေမင်းနောက်ဆုံးရှိချေ၏။
ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်းနောက်ဆုံးရှိချေ၏။
တက်ကြွားကြွကြွ၊ မြင့်သမျှကား၊ လျှောကျနောက်ဆုံးရှိချေ၏။
ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံးရှိချေ၏။
ပွဲလယ်ပြင်ပ၊ ချီးမွမ်းကြလည်း၊ ရှုတ်ချနောက်ဆုံးရှိချေ၏။
ကြည်သာရွှင်ပြ၊ ချမ်းသာလှလည်း၊ ဒုက္ခနောက်ဆုံးရှိချေ၏။
(လယ်တီဆရာတော်ဘုရားကြီး)
Subscribe to:
Posts (Atom)














