Sunday, September 23, 2012

မလ၀ဂ္ဂ - ဓမ္မပဒ



၁၈။ မလ၀ဂ္ဂ

၂၃၅။ ပဏ္ဍုပလာသောဝ ဒါနိသိ၊ ယမပုရိသာပိ စ တေ ဥပဋ္ဌိတာ။
ဥယျောဂမုခေ စ တိဋ္ဌသိ၊ ပါထေယျမ္ပိ စ တေ န ၀ိဇ္ဇတိ။

၂၃၆။ သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ၀ါယမ ပဏ္ဍိတော ဘ၀။
နိဒ္ဓန္တမလော အနင်္ဂဏော၊ ဒိဗ္ဗံ အရိယဘူမိံ ဥပေဟိသိ။

၂၃၇။ ဥပနီတ၀ယော စ ဒါနိသိ၊ သမ္ပယာတောသိ ယမဿ သန္တိကံ။
ဝါသော တေ နတ္ထိ အန္တရာ၊ ပါထေယျမ္ပိ စ တေ န ၀ိဇ္ဇတိ။

၂၃၈။ သော ကရောဟိ ဒီပမတ္တနော၊ ခိပ္ပံ ၀ါယမ ပဏ္ဍိတော ဘ၀။
နိဒ္ဓန္တမလော အနင်္ဂဏော၊ န ပုနံ ဇာတိဇရံ ဥပေဟိသိ။

၂၃၅။ ဥပါသကာ သင်သည် ယခုအခါဖျော့တော့သော ဖက်ရွက်ရော်ကဲ့သို့ဖြစ်ခဲ့ပြီ၊ သေမင်းတမန်တို့သည်လည်း သင်၏ အနီး၌ တည်ကုန်ပြီ၊ ဆုတ်ယုတ်ပျက်စီးခြင်း၏အစ ဘ၀အဆုံး၌လည်း တည်ခဲ့ပြီ၊ သင့်အား ဘ၀တစ်ပါးသို့သွားရန် ကောင်းမှုရိက္ခာလည်း မရှိ။

၂၃၆။ ထိုသင်သည် မိမိ၏ မှီရာကျွန်းနှင့်တူသော ကောင်းမှုကိုပြုလော့၊ လျင်စွာ အားထုတ်၍ ပညာရှိသူဖြစ်လေလော့၊ အညစ်အကြေးကိုပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ အရိယာတို့နေရာ သုဒ္ဓါဝါသဘုံသို့ ကပ်ရောက်ရလတ္တံ့။

၂၃၇။ ဥပါသကာ သင်သည်ယခုအခါအရွယ်လွန်ချေပြီ၊ သေမင်း၏ အထံသို့ သွားချိန်ရောက်ခဲ့ပြီ၊ သင့်အား ခရီးအကြား၌ ရပ်နားနေရန် အခွင့်မရှိ၊ သင့်အား ဘ၀တစ်ပါးသို့သွားရန် ကောင်းမှုရိက္ခာလည်း မရှိ။

၂၃၈။ ဥပါသကာ သင်သည်မိမိ၏ မှီရာကျွန်းနှင့်တူသော ကောင်းမှုကိုပြုလော၊့ လျင်စွာအားထုတ်၍ ပညာရှိသူ ဖြစ်လေ လော့၊ အညစ်အကြေးကိုပယ်ထုတ်၍ ကိလေသာမရှိခဲ့မူ တစ်ဖန် ပဋိသန္ဓေနေခြင်း အိုခြင်းသို့ မရောက်ရတော့ လတ္တံ့။



235. It is like a withered yellow leaf that you look like now; the messengers of Death have come near to you. You stand at the door of departure for far away journey, but you have no provisions to carry along with you for that journey (in next life).

236. Do virtuous deeds to make an island or refuge for yourself, act quickly to become a wise one. With all impurities blown off and free from mental defilements, you will reach the heavenly land of nobles.

237. And you are now well advanced in age. You are going to meet the death soon. There is no resting place on the way, and you have done no good deeds for that journey (in next life).

238. Do virtuous deeds to make an island for yourself, act quickly to become a wise one. With all impurities blown off and free from mental defilements, you will not again enter into the circle of birth and old age anymore.

၂၃၉။ အနုပုဗ္ဗေန မေဓာဝီ၊ ထောကံ ထောကံ ခဏေ ခဏေ။
ကမ္မာရော ရဇတေဿဝ၊ နိဒ္ဓမေ မလမတ္တနော။

၂၃၉။ ပန်းတိမ်ဆရာသည် ရွှေ၏အညစ်အကြေးကို တဖြည်းဖြည်းထုတ်သကဲ့သို့ ပညာရှိသည် အစဉ်သဖြင့် မိမိ၏ အညစ်အကြေးကို အနည်းငယ်အနည်းငယ် အခွင့်ရတိုင်း ရာဂစသော အညစ်အကြေးကို ထုတ်ပယ်ရာ၏။

239. Let the wise one blow away passions and impurities of the self, little by little by chance, again and again, moment to moment, like a goldsmith removes impurities from gold.

၂၄၀။ အယသာဝ မလံ သမုဋ္ဌိတံ၊ တတုဋ္ဌာယ တမေ၀ ခါဒတိ။
ဧ၀ံ အတိဓောနစာရိနံ၊ သာနိ ကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။

၂၄၀။ သံချေးသည် သံမှပင်ဖြစ်လာ၍ သံချေးတက်ပြီးလျှင် ထိုသံကိုပင် ပြန်၍စားသကဲ့သို့၊ ဤအတူ မကောင်းမှု၌ လွန်ကျူး၍ကျင့်သောသူကို မိမိကျင့်ကြံမှုတို့သည် ဒုဂ္ဂတိဘ၀သို့ ဆောင်ကုန်၏။

240. Like rust eats away the iron from which it is sprung, so do one's misdeeds lead that person to the evil path.

၂၄၁။ အသဇ္ဈာယမလာ မန္တာ၊ အနုဋ္ဌာနမလာ ဃရာ။
မလံ ၀ဏ္ဏဿ ကောသဇ္ဇံ၊ ပမာဒေါ ရက္ခတော မလံ။

၂၄၁။ စာပေကျမ်းဂန် အတတ်ပညာတို့သည် မရွတ်ဖတ် မသရဇ္ဈာယ်ခြင်းလျှင် ပျက်စီးကြောင်း အညစ်အကြေးရှိကုန်၏၊ အိမ်တို့သည် ကြောင့်ကြတစိုက် မပြုပြင်ခြင်းလျှင် ပျက်စီးကြောင်း အညစ်အကြေးရှိကုန်၏၊ ပျင်းရိခြင်းသည် အဆင်းလှပခြင်း၏ ပျက်စီးကြောင်း အညစ်အကြေး မည်၏၊ မေ့လျော့ခြင်းသည် စောင့်ရှောက်သူ၏ ပျက်စီးကြောင်း အညစ်အကြေး မည်၏။

241. No recitation leads to the rust of Literary work of scriptures, no maintenance leads to destruction of a house, laziness leads the taint of beauty, forgetfulness leads to impurity of the guardian.

၂၄၂။ မလိတ္ထိယာ ဒုစ္စရိတံ၊ မစ္ဆေရံ ဒဒတော မလံ။
မလာ ဝေ ပါပကာ ဓမ္မာ၊ အသ္မိံ လောကေ ပရမှိ စ။

၂၄၃။ တတော မလာ မလတရံ၊ အ၀ိဇ္ဇာ ပရမံ မလံ။
ဧတံ မလံ ပဟန္တွာန၊ နိမ္မလာ ဟောထ ဘိက္ခဝေါ။

၂၄၂။ လင်ကိုလွန်ကျူး၍ကျင့်ခြင်းသည် မိန်းမ၏ပျက်စီးကြောင်း အညစ်အကြေး မည်၏၊ နှမြောဝန်တိုခြင်းသည် ပေးလှူသူ၏ ပျက်စီးကြောင်း အညစ်အကြေး မည်၏၊ ယုတ်ညံ့သော အကုသိုလ်တရားတို့သည် ဤဘ၀၌လည်းကောင်း၊ တမလွန်ဘ၀၌လည်းကောင်း ဧကန်ပျက်စီးကြောင်း အညစ်အကြေးမည်ကုန်၏

၂၄၃။ ထိုအညစ်အကြေးတို့ထက် အလွန်ကဲဆုံး အညစ်အကြေးကား အမှန်ကိုမသိမှု အ၀ိဇ္ဇာပင်တည်း၊ ရဟန်းတို့ ဤအလွန်ကဲဆုံး အ၀ိဇ္ဇာ အညစ်အကြေးကို သုတ်သင်၍ အညစ်အကြေး ကင်းစေကုန်လော့။

242. Misconduct is the impurity of a woman; stinginess is the impurity of a donor. Evil things are indeed impurities in this world and the beyond.
243. But the greatest of all impurities is ignorance (Awaitzar), O Bhikkhus! Throw this away and become pure from sin.

၂၄၄။ သုဇီဝံ အဟိရိကေန၊ ကာကသူရေန ဓံသိနာ။
ပက္ခန္ဒိနာ ပဂဗ္ဘေန၊ သံကိလိဋ္ဌေန ဇီဝိတံ။

၂၄၅။ ဟိရီမတာ စ ဒုဇ္ဇီဝံ၊ နိစ္စံ သုစိဂဝေသိနာ။
အလီနေနာပ္ပဂဗ္ဘေန၊ သုဒ္ဓါဇီဝေန ပဿတာ။

၂၄၄။ အရှက်မရှိသူသည် ရဲတင်းသောကျီးနှင့်တူသဖြင့် လည်းကောင်း၊ သူတစ်ပါးဂုဏ်ကို ဖျက်စီးသဖြင့်လည်းကောင်း၊ သူတစ်ပါးပြုသည်ကို မိမိပြုသယောင်ဆောင်သဖြင့် လည်းကောင်း၊ ကြမ်းကြုတ်သဖြင့်လည်းကောင်း၊ ညစ်ညူးသော အကျင့်ဖြင့်လည်းကောင်း၊ အသက်မွေးမှု ပြုသောကြောင့် အသက်မွေးလွယ်ကူ၏။

၂၄၅။ အရှက်ရှိသူသည် အမြဲစင်ကြယ်မှုကို ရှာသဖြင့်လည်းကောင်း၊ မတွန့်တိုသဖြင့်လည်းကောင်း၊ မကြမ်း ကြုတ်သဖြင့်လည်းကောင်း၊ စင်ကြယ်သော အသက်မွေးမှုဖြင့်လည်းကောင်း၊ သင့်မသင့်ကို မြော်မြင်သဖြင့် လည်းကောင်း အသက်မွေးမှုပြုသောကြောင့် အသက်မွေးမှု ခဲယဉ်း၏။

244. Life is easy for those who shamelessly are bold as a crow, for the impudent, for the mischief-maker, for the arrogant and insulting, for the impure.

245. Life is hard to live for the modest always seeking purity, free from clinging, and not impudent, is detached (not stingy), pure in the mode of life.

၂၄၆။ ယော ပါဏမတိပါတေတိ၊ မုသာဝါဒဉ္စ ဘာသတိ။
လောကေ အဒိန္နမာဒိယတိ၊ ပရဒါရဉ္စ ဂစ္ဆတိ။

၂၄၇။ သုရာမေရယပါနဉ္စ၊ ယော နရော အနုယုဉ္ဇတိ။
ဣဓေ၀ မေသော လောကသ္မိံ၊ မူလံ ခဏတိ အတ္တနော။

၂၄၈။ ဧ၀ံ ဘော ပုရိသ ဇာနာဟိ၊ ပါပဓမ္မာ အသညတာ။
မာ တံ လောဘော အဓမ္မော စ၊ စိရံ ဒုက္ခာယ ရန္ဓယုံ။

၂၄၆-၂၄၇။ လောက၌ အကြင်သူသည် သူ့အသက်ကို သတ်၏၊ မဟုတ်မမှန်သော စကားကိုလည်း ပြောဆို၏၊ ပိုင်ရှင်မပေးသော သူ့ဥစ္စာကို ခိုးယူ၏၊ သူတစ်ပါး သားမယားကိုလည်း သွားလာ၏၊ သေရည်သေရက်ကိုလည်း သောက်စား၏၊ ထိုသူသည် ဤဘ၀၌ပင်လျှင် မိမိ၏ မူလရင်း အခြေအမြစ်ကို တူးဖြိုဖျက်ဆီးသည် မည်၏။

၂၄၈။ အိုယောက်ျား ကိုယ်စသည်ကိုစောင့်စည်းမှု ကင်းဝေးသူတို့သည် ယုတ်ညံ့သောသဘော ရှိကုန်၏ဟု သိလေ လော့၊ လောဘသည် လည်းကောင်း ဒေါသသည် လည်းကောင်း သင့်ကို ကြာမြင့်စွာ ဆင်းရဲစေရန် မပြုလုပ်ပါစေလင့်။

246-247. Whoever in this world destroys life, speaks untruth, takes what is not given, and goes to another's wife, and gets drunk with intoxicants, digs up his own root right here in this world (leads to his own destruction).

248. O man! Know this; that the lack of self-control means wrongdoing. Do not let greed and wrongdoing oppress you into prolonged suffering.

၂၄၉။ ဒဒါတိ ဝေ ယထာသဒ္ဓံ၊ ယထာပသာဒနံ ဇနော။
တတ္ထ ယော စ မင်္ကု ဘ၀တိ၊ ပရေသံ ပါနဘောဇနေ။
န သော ဒိဝါ ၀ါ ရတ္တိံ ၀ါ၊ သမာဓိမဓိဂစ္ဆတိ။

၂၅၀။ ယဿ စေတံ သမုစ္ဆိန္နံ၊ မူလဃစ္စံ သမူဟတံ။
သ ဝေ ဒိဝါ ၀ါ ရတ္တိံ ၀ါ၊ သမာဓိမဓိဂစ္ဆတိ။

၂၄၉။ လူအပေါင်းသည် တစ်စုံတစ်ယောက်အား ယုံကြည်သည့်အလျောက် ကြည်ညိုသည့်အလျောက် ပေးကမ်း လှူဒါန်း၏၊ စားဖွယ်သောက်ဖွယ်စသည်ကို သူတစ်ပါးတို့ ပေးလှူရာ၌ မျက်နှာမသာသူသည် နေ့အခါ၌ လည်းကောင်း၊ ညဥ့်အခါ၌ လည်းကောင်း စိတ်၏ တည်ကြည်မှုကိုမရ။

၂၅၀။ အကြင်သူသည် ဤမျက်နှာမသာမှုသဘောကို အကြွင်းမဲ့ဖြတ်၏။ အမြစ်ပြတ် ပယ်နုတ်ပြီးဖြစ်၏၊ ထိုသူသည် နေ့အခါ၌လည်းကောင်း၊ ညဥ့်အခါ၌လည်းကောင်း စိတ်၏တည်ကြည်မှုကို ဧကန်ရ၏။

249. People make donations according to their faith: if one's thoughts are disturbed by what has given out to others, that person may not attain concentration by day and by night.

250. But when this is cut off and uprooted, then that person can attain concentration by day and by night.

၂၅၁။ နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ဂဟော။
နတ္ထိ မောဟသမံ ဇာလံ၊ နတ္ထိ တဏှာသမာ နဒီ။

၂၅၁။ ရာဂနှင့်တူသော မီးသည်မရှိ၊ ဒေါသနှင့်တူသော ဖမ်းယူတတ်သော သတ္တ၀ါသည်မရှိ၊ မောဟနှင့်တူသော ပိုက်ကွန်သည်မရှိ၊ တဏှာနှင့်တူသော မြစ်သည်မရှိ။

251. There is no fire like passion, no captor like anger, there is no net like illusion and there is no river like craving.

၂၅၂။ သုဒဿံ ၀ဇ္ဇမညေသံ၊ အတ္တနော ပန ဒုဒ္ဒသံ။
ပရေသံ ဟိ သော ၀ဇ္ဇာနိ၊ သြပုနာတိ ယထာ ဘုသံ။
အတ္တနော ပန ဆာဒေတိ၊ ကလိံဝ ကိတ၀ါ သဌော။

၂၅၂။ သူတစ်ပါးတို့၏အပြစ်ကို မြင်လွယ်၏၊ မိမိ၏အပြစ်ကိုကား မြင်နိုင်ခဲ၏၊ ထိုသူသည် ဖွဲကိုလွှင့်သကဲ့သို့ သူ တစ်ပါးတို့၏ အပြစ်ကိုလွှင့်၏ စဉ်းလဲကောက်ကျစ်သော ငှက်မုဆိုးသည် ကိုယ်ကို သစ်ရွက်စသည်ဖြင့် ဖုံးလွမ်း သကဲ့သို့ မိမိ၏ အပြစ်ကိုမူကား ဖုံးလွှမ်း၏။

252. It is easy to see the fault of others, but one's own is hard to see. One shows the faults of others like chaff winnowed in the wind, but one conceals one's own faults as a cunning bird hunter who hides under the leaves.

၂၅၃။ ပရ၀ဇ္ဇာနုပဿိဿ၊ နိစ္စံ ဥဇ္ဈာနသညိနော။
အာသ၀ါ တဿ ၀ဍ္ဎုန္တိ၊ အာရာ သော အာသ၀က္ခယာ။

၂၅၃။ သူတစ်ပါး၏ အပြစ်ကို အစဉ်ရှုလျှက် အမြဲမပြတ် ကဲ့ရဲ့တတ်သူအား အာသဝေါတရားတို့သည် တိုးပွားကုန်၏၊ ထိုသူသည် အာသဝေါကုန်ခြင်းမှ ဝေးကွာ၏။

253. One who sees the faults of others is always ready to blame. This makes him increase of compulsions (Arthawal taya). Such one is far from extinction of compulsion.

၂၅၄။ အာကာသေ၀ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
ပပဉ္စာဘိရတာ ပဇာ၊ နိပ္ပပဉ္စာ တထာဂတာ။

၂၅၅။ အာကာသေ၀ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
သင်္ခါရာ သဿတာ နတ္ထိ၊ နတ္ထိ ဗုဒ္ဓါနမိဉ္ဇိတံ။

၂၅၄။ ကောင်းကင်၌ ခြေရာမရှိ၊ သာသနာ့ပြင်ပ၌ မဂ်ရ ဖိုလ်ရ ရဟန်းမရှိ၊ သတ္တ၀ါတို့သည် သံသရာချဲ့ထွင်တတ်သော တဏှာ မာန ဒိဋ္ဌိ တရား၌ မွေ့လျော်ကုန်၏၊ ဘုရားရှင်တို့သည် သံသရာ ချဲ့ထွင်တတ်သောတရားမှ ကင်းကုန်၏။

၂၅၅။ ကောင်းကင်၌ ခြေရာမရှိ၊ သာသနာ့ပြင်ပ၌ မဂ်ရဖိုလ်ရ ရဟန်းမရှိ၊ မြဲကုန်သောသင်္ခါရ တရားတို့သည် မရှိကုန်။ ဘုရားရှင်တို့အား တုန်လှုပ်ခြင်းမရှိ။

254. There is no footstep in the sky; no true monk is found outside the Buddhist Order (in Buddha's Theravada Thar tha nar), the world delights in pleasures, Buddhas have overcome from such pleasures.

255. There is no footstep in the sky; no true monk is found outside the Buddhist Order (in Buddha's Theravada Thar tha nar), no Sankhara is eternal; Buddhas have no agitation.

No comments:

Post a Comment