Sunday, September 23, 2012

ကောဓ၀ဂ္ဂ - ဓမ္မပဒ



၁၇။ ကောဓ၀ဂ္ဂ

၂၂၁။ ကောဓံ ဇဟေ ၀ိပ္ပဇဟေယျ မာနံ၊ သံယောဇနံ သဗ္ဗမတိက္ကမေယျ။
တံ နာမရူပသ္မိမသဇ္ဇမာနံ၊ အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

၂၂၁။ အမျက်ဒေါသကို စွန့်ရာ၏၊ မာနကို ပယ်ရာ၏၊ သံယောဇဉ်မှန်သမျှကို ကျော်လွန်ရာ၏၊ နာမ်ရုပ်၌ မငြိတွယ် မကြောင့်ကြသူထံသို့ ဆင်းရဲဒုက္ခတို့သည် မကျရောက်ကုန်။

221. Put away anger, abandon pride and overcome bondage. Whoever clings not to the constituents of existence (Nama-rupa, mind and matter) and to nothing whatsoever, sufferings never befall him.



၂၂၂။ ယော ဝေ ဥပ္ပတိတံ ကောဓံ၊ ရထံ ဘန္တံဝ ၀ါရယေ။
တမဟံ သာရထိံ ဗြူမိ၊ ရသ္မိဂ္ဂါဟော ဣတရော ဇနော။

၂၂၂။ လိမ္မာသောရထားထိန်းသည် လျင်မြန်စွာပြေးသွားသောရထားကို လမ်းမလွဲအောင် စောင့်ရှောက်နိုင်သကဲ့သို့ ဖြစ်ပေါ်လာသော အမျက်ဒေါသကို စင်စစ် တားမြစ်နိုင်သူကို လိမ္မာသော ရထားထိန်းဟူ၍ ငါဆို၏၊ ဤမှတစ်ပါး ပြကတေ့ရထားထိန်းသည် ရထားကြိုးကိုင်သာမည်၏။

222. One who controls rising anger as a chariot controls his carriage at full speed not going off the track, that one I call a true charioteer, others merely rein-holders.

၂၂၃။ အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိက၀ါဒိနံ။

၂၂၃။ အမျက်ထွက်သောသူကို မေတ္တာတရားဖြင့်အောင်ရာ၏၊ မကောင်းသော သဘောရှိသူကို ကောင်းသောသဘောဖြင့် အောင်ရာ၏၊ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏၊ မဟုတ်မမှန် ပြောသူကို အဟုတ်အမှန် ပြောဆိုခြင်းဖြင့် အောင်ရာ၏။

223. One would conquer anger by loving-kindness, one would conquer evil by good, one would conquer the mean by generosity, and one would conquer the man who speaks lies by truth.

၂၂၄။ သစ္စံ ဘဏေ န ကုဇ္ဈေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။
ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေ၀ါန သန္တိကေ။

၂၂၄။ မှန်သောစကားကို ပြောဆိုရာ၏၊ အမျက်မထွက်ရာ၊ တောင်းလာသည်ရှိသော် အနည်းငယ်မျှကိုသော်လည်း ပေးလှူရာ၏၊ ဤအကြောင်းသုံးပါးတို့ဖြင့် နတ်ပြည်သို့ရောက်ရ၏။

224. Let one tell the truth, let one not be angry, when asked, let one give, even be it a little. By these three factors, one would attain the world of gods (Deva).

၂၂၅။ အဟိံသကာ ယေ မုနယော၊ နိစ္စံ ကာယေန သံဝုတာ။
တေ ယန္တိ အစ္စုတံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။

၂၂၅။ သူတစ်ပါးတို့ကို မညှဉ်းဆဲတတ်၊ ကာယဒွါရစသည်တို့ဖြင့် အမြဲစောင့်စည်းတတ်ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည် စိုးရိမ်ခြင်းကင်းရာ သေခြင်းကင်းရာဖြစ်သော နိဗ္ဗာန်အရပ်သို့ ရောက်ကြရကုန်၏။

225. The Arahants who do no harm to others, who are always in control of the body, go to the immortal Nibbana, where once gone they sorrow no more.

၂၂၆။ သဒါ ဇာဂရမာနာနံ၊ အဟောရတ္တာနုသိက္ခိနံ။
နိဗ္ဗာနံ အဓိမုတ္တာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသ၀ါ။

၂၂၆။ အခါခပ်သိမ်း နိုးကြားထကြွကုန်သည်ဖြစ်၍ နေ့ညဥ့်ပတ်လုံး သိက္ခာသုံးပါးကို ကျင့်ကြကုန်လျက် နိဗ္ဗာန်သို့ စိတ်ညွတ်ကြသူတို့အား အာသဝေါတရားတို့ ချုပ်ငြိမ်းကွယ်ပျောက်ကြကုန်၏။

226. Those who are ever alert and watchful, who practice three discourses day and night with the intent upon Nibbana, their evil passions will come to an end.

၂၂၇။ ပေါရာဏမေတံ အတုလ၊ နေတံ အဇ္ဇတနာမိဝ။
နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ဒန္တိ ဗဟုဘာဏိနံ။
မိတဘာဏိမ္ပိ နိန္ဒန္တိ၊ နတ္ထိ လောကေ အနိန္ဒိတော။

၂၂၈။ န စာဟု န စ ဘ၀ိဿတိ၊ န စေတရဟိ ၀ိဇ္ဇတိ။
ဧကန္တံ နိန္ဒိတော ပေါသော၊ ဧကန္တံ ၀ါ ပသံသိတော။

၂၂၉။ ယံ စေ ၀ိညူ ပသံသန္တိ၊ အနုဝိစ္စ သုဝေ သုဝေ။
အစ္ဆိဒ္ဒ၀ုတ္တိံ မေဓာဝိံ၊ ပညာသီလသမာဟိတံ။

၂၃၀။ နိက္ခံ ဇမ္ဗောနဒေဿဝ၊ ကော တံ နိန္ဒိတုမရဟတိ။
ဒေ၀ါပိ နံ ပသံသန္တိ၊ ဗြဟ္မုနာပိ ပသံသိတော။

၂၂၇။ အိုအတုလ ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးစဉ်လာပေတည်း၊ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏၊ များစွာပြောဟောသောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ နှိုင်းချိန်၍ ပြောသော သူကိုလည်း ကဲ့ရဲ့ကုန်၏၊ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ။

၂၂၈။ လုံးဝအကဲ့ရဲ့ခံရသူ လုံးဝအချီးမွမ်းခံရသူမည်သည် ရှေးကလည်းမရှိခဲ့စဖူး၊ နောင်အခါလည်း ရှိလိမ့်မည်မဟုတ်၊ ယခုအခါ၌လည်းမရှိ။

၂၂၉-၂၃၀။ မကျိုးမပြတ်သော အကျင့်ရှိသော ဖောက်ခွဲနိုင်သောပညာရှိသော ပညာဂုဏ် သီလဂုဏ် သမာဓိ ဂုဏ်ရှိသောသူကို ပညာရှိသူတို့သည် ဟုတ်မှန်စွာသိ၍ နေ့တိုင်းနေ့တိုင်း ချီးမွမ်းခဲ့ပါမူ ဇမ္ဗူရာဇ်ရွှေစင်နိက္ခနှင့် တူသူကို အဘယ်သူသည် ကဲ့ရဲ့နိုင်ပါအံ့နည်း၊ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာမင်းသည်လည်း ချီးမွမ်း၏။

227. It is an old saying, O Atula – not a new one, people find fault who stays silently, they find fault with one speaking much, and even with one who speaks moderately do they find fault. There is no one in this world who can escape not faulted.

228. There never was, there never will be, nor is there now, a man who is always blamed, or a man who is always praised.

229-230. But who would dare to blame the man whom the wise praise day after day, whose life is pure and full of light, in whom there is virtue and wisdom, who is pure as a pure coin of gold? Even the gods praise the man, even Brahma praises him.

၂၃၁။ ကာယပ္ပကောပံ ရက္ခေယျ၊ ကာယေန သံဝုတော သိယာ။
ကာယဒုစ္စရိတံ ဟိတွာ၊ ကာယေန သုစရိတံ စရေ။

၂၃၂။ ၀စီပကောပံ ရက္ခေယျ၊ ၀ါစာယ သံဝုတော သိယာ။
ဝစီဒုစ္စရိတံ ဟိတွာ၊ ၀ါစာယ သုစရိတံ စရေ။

၂၃၃။ မနောပကောပံ ရက္ခေယျ၊ မနသာ သံဝုတော သိယာ။
မနောဒုစ္စရိတံ ဟိတွာ၊ မနသာ သုစရိတံ စရေ။

၂၃၄။ ကာယေန သံဝုတာ ဓီရာ၊ အထော ၀ါစာယ သံဝုတာ။
မနသာ သံဝုတာ ဓီရာ၊ တေ ဝေ သုပရိသံဝုတာ။

၂၃၁။ ကိုယ်အမူအရာ ပျက်စီးမှု ကာယဒုစရိုက်သုံးပါးကို စောင့်ရှောက်ရာ၏ ကာယဒွါရဖြင့် ဒုစရိုက်ဝင်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ ကာယဒုစရိုက်ကိုပယ်စွန့်၍ ကာယသုစရိုက်ကို ကျင့်ရာ၏။

၂၃၂။ နှုတ်အမူအရာပျက်စီးမှု ၀စီဒုစရိုက်လေးပါးကို စောင့်ရှောက်ရာ၏၊ ၀စီဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ ၀စီဒုစရိုက်ကိုပယ်စွန့်၍ ၀စီသုစရိုက်ကိုကျင့်ရာ၏။

၂၃၃။ စိတ်အမူအရာပျက်စီးမှု မနောဒုစရိုက်သုံးပါးကို စောင့်ရှောက်ရာ၏၊ မနောဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ မနောဒုစရိုက်ကို ပယ်စွန့်၍ မနောသုစရိုက်ကို ကျင့်ရာ၏။

၂၃၄။ ပညာရှိသည် ကိုယ်ဖြင့်ဝင်ရောက်လာသော ဒုစရိုက်၊ နှုတ်ဖြင့်ဝင်ရောက်လာသော ဒုစရိုက်၊ စိတ်ဖြင့်ဝင် ရောက်လာသော ဒုစရိုက်တို့ကို တားမြစ်ပိတ်ပင်နိုင်ကုန်၏၊ ထိုပညာရှိတို့သည်သာ တားမြစ်ပိတ်ပင်သူတို့ မည်ကုန်၏။

231. Guard against misdeeds caused by body, one should be restrained in body. Give up evil conduct of the body, but one should be of good bodily conduct.

232. Guard against misdeeds caused by words, one should be restrained in speech. Give up evil conduct in speech, but one should be of good conduct in speech.

233. Guard against misdeeds caused by mind, one should be restrained in thoughts. Give up evil conduct of mind, but one should be of good conduct in mind.

234. Those that are wise, whose body, words and mind are in self-control. They are indeed well-controlled.

No comments:

Post a Comment