Thursday, May 16, 2013

တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊




သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။
သဗ္ဗရတိံ ဓမ္မရတိ ဇိနာတိ၊ တဏှက္ခယော သဗ္ဗဒုက္ခံ ဇိနာတိ။

တရားအလှူသည် အလှူအားလုံးကို အောင်နိုင်၏၊ တရားအရသာသည် အရသာအားလုံးကို အောင်နိုင်၏၊ တရား၌ မွေ့လျော်ခြင်းသည် မွေ့လျော်ခြင်းအားလုံးကို အောင်နိုင်၏၊ တဏှာကုန်ရာ အရဟတ္တဖိုလ်သည် အလုံးစုံသောဆင်းရဲကို အောင်နိုင်၏။

The gift of Dhamma is no match with any other gifts, the taste of Dhamma is no match with any other taste, living with Dhamma in enjoyment is no match with any other living, and the victory over craving conquers all sufferings.

(ဓမ္မပဒ)

"မြတ်ဘုရား၏ တစ်နေ့တာ လုပ်ငန်းစဉ် (၅) မျိုး"



"ဣဿာ မစ္ဆရိယ ဟူသည်"


ဣဿာ

ဣဿာဆိုတာ သူတစ်ပါးကို ဂုဏ်မပြုနိုင်တာ၊ အကောင်းမပြောနိုင်တာ၊
ဣဿာရှိရင် အကောင်းမပြောနိုင်ဘူး၊
congratulations မလုပ်နိုင်ဘူးပေါ့လေ။

"အနုမာနဉာဏ်ကနေပြီးတော့ နောက် ပဋိဝေဓ"



အဘိဓမ္မာမြတ်ဒေသနာ ဒုတိယတွဲ အပိုင်း(၅၄) အနုမာနဉာဏ်ကနေပြီးတော့ နောက် ပဋိဝေဓ ဆိုတဲ့ ကိုယ်တိုင် ထိုးထွင်းပြီးတော့ သိနိုင်တဲ့ အသိဉာဏ်မျိုးရအောင် အားထုတ်နိုင်ကြပါစေသတည်း

ဝိသုဒ္ဓိမဂ်မှာ ပြထားတဲ့ ဥပမာလေးတစ်ခုက ရေမြောင်းလေးတစ်ခုရဲ့ ဟိုဘက်ကို ခုန်ကူးချင်တဲ့သူဟာ ဒီဘက်ကမ်းမှာရှိတဲ့ သစ်ပင်ကို ကြိုးလေးချည်ထားတယ်၊ သစ်ကိုင်းကို

"နမောတဿနှင့် စပ်၍ သိမှတ်ဖွယ်"

ဗုဒ္ဓဘာသာဝင်များ နေ့စဉ်နေ့စဉ် ဘုရားဝတ်ပြုတဲ့အခါပဲဖြစ်ဖြစ်၊ အလှူဒါန ပေးလှူတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဥပုသ်သီတင်း ဆောက်တည်ကျင့်သုံးတဲ့အခါမှာပဲဖြစ်ဖြစ်၊ ဘာသာရေးအခမ်းအနားများ ကြီးကြီးငယ်ငယ် ပြုလုပတဲ့အခါ စတင်ဖွင့်လှစ်တဲ့အခါမှာပဲဖြစ်ဖြစ် ဒီ “နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ “ဘဂ၀ါဂုဏ်တော်၊ အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်များနဲ့” ချီးကျူးမှုပြုကာ ဘုရားကိုရှိခိုးတဲ့ ပါဠိစာပိုဒ်ကို ရွတ်ဆိုပူဇော်ကာ ဘုရားရှိခိုး ကန့်တော့ကြပါတယ်။

"နမော တဿနဲ့ ဗုဒ္ဓဘာသာ… "


“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” ဆိုတဲ့ ပါဠိစကားတော်ကို ဗုဒ္ဓဘာသာများ ရင်းနှီးပြီးသား၊ ရဖူးပြီးသား ဖြစ်ကြပါတယ်။ အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဘုရားရှိခိုးတိုင်း၊ ဘာသာရေး အခမ်းအနားများရှိတိုင်း ရွတ်ဆိုအသုံးပြု နေကြသလို ဘာသာရေး စာအုပ်များရဲ့ အဖွင့်စာမျက်နှာများမှာလည်း အမြဲတမ်း ရေးသားအသုံးပြုလေ့ ရှိတတ်ကြပါတယ်။ ဒါကြောင့်

Wednesday, May 15, 2013

အခြေပြု ပဌာန်းတရားတော် - မဟာဂန္ဓာရုံ ဆရာတော် အရှင်ဇနကာဘိဝံသ

"စင်ကြယ်မှုအဆင့်ဆင့် " - ရွှေဥမင်ဆရာတော်ဘုရားကြီး




ရွှေတိဂုံစေတီတော်၏ အံ့ဖွယ် ၉ ပါး


အကြိမ်ကြိမ် ရောက်သည်။ သို့သော် အံ့ဖွယ် ၉ ပါး စုံအောင် တစ်ခါမှ မရောက်၊ ဘယ်နားမှာ ရှိမှန်း မသိတာလဲ ပါမည်။ ထိုအတွက်ကြောင့် အလွယ်တကူ မှတ်မိနိုင်စေရန် စုစည်းဖော်ပြပေးလိုက်ပါသည်။




အထက်တန်းစားဗုဒ္ဓဘာသာဝင်



ဗုဒ္ဓဘာသာဝင်တို့ သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃတည်းဟူသော အမြတ်ဆုံးသောရတနာသုံးပါးကို ကိုးကွယ်ကြသူများ ဖြစ်တဲ့အလျောက် အမြတ်ဆုံးရတနာသုံးပါးကလည်း ကိုးကွယ်သူတို့ အား အမြတ်ဆုံးသောအကျိုးများကို ရစေနိုင်စွမ်းရှိပါတယ်။ သို့ သော် ရတနာသုံးပါးကို ကိုးကွယ်ကြသူချင်း တူစေကာမူ၊ အကျိုးပေးမှုအနည်း၊ အများကွာဟတဲ့အလျောက် ကိုးကွယ်သူတို့ ရဲ့ ဘဝအနိမ့်အမြင့် ခြားနားလျက်ရှိပါတယ်။ ဒါဟာ “ကိုးကွယ်ပုံ” ခြင်း၊ ရတနာသုံးပါးကို “ကြည်ညိုပုံ” ခြင်း မတူညီကြလို့ သာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပုံနည်းလမ်းခြင်း ကွဲပြားနေလို့ သာဖြစ်ပါတယ်…

စင်စစ် ဗုဒ္ဓဘာသာဝင် ဟူသည်မှာ ဗုဒ္ဓ၏အဆုံးအမများကို ဘဝလမ်းညွှန်အဖြစ် လိုက်နာခံယူကျင့်သုံးသူများပင် ဖြစ်ပါတယ်။ ဒီလိုလိုက်နာကျင့်သုံးရာမှာ ဗုဒ္ဓဘာသာဝင် တစ်ဦးနဲ့ တစ်ဦး ဗုဒ္ဓ၊ ဓမ္မပေါ် သိရှိပုံပမာဏခြင်း၊ လိုက်နာကျင့်သုံးပုံ ပမာဏခြင်း မတူညီကြပါဘူး။ ဗုဒ္ဓအဆုံးအမများကို အနှစ်သာရပိုင်းထိ ထိုးထွင်းသိမြင်သူများရှိသလို၊ သာမန်ကာလျှံကာ သိသူများလည်းရှိပါတယ်။ ပါရမီအနုအရင့်၊ ဝိရိယအပြင်း အပျော့အရ ကွဲပြားခြားနားချက်များလည်း ရှိပါတယ်။




မိလိန္ဒ ပဥှာ